သာမန်မြန်မာနိုင်ငံကူးလက်မှတ် (MRP) အသစ်လဲလှယ်/ ေလျှာက်ထားခြင်းနှင့် နိုင်ငံကူးလက်မှတ်ပျောက်ဆုံး၍ အသစ်ပြန်လည်လျှောက်ထားခြင်းအတွက် နှုန်းထားအသစ်များ သတ်မှတ်လိုက်ကြောင်း အသိပေးကြေညာခြင်း
on 03/02/2014 at 7:34 PMစင်ကာပူနိုင်ငံတွင် တရားဝင်လာရောက် အလုပ်လုပ်ကိုင်နေထိုင်လျက်ရှိသည့် ြမန်မာနိုင်ငံသားများအနေဖြင့် သာမန်ြမန်မာနိုင်ငံကူးလက်မှတ်(MRP)အသစ်များ လဲလှယ်/ လျှောက်ထားရာတွင်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး၍ အသစ်ပြန်လည် လျှောက်ထားရာတွင်လည်းကောင်း ကျသင့်ငွေများကို ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ မှအစပြု၍ အောက်ဖော်ပြပါ နှုန်းထားအသစ်များအတိုင်း လျှော့ချကောက်ခံသွားမည် ဖြစ်ပါသည်-
စင်ကာပူဒေါ်လာ
(က) သာမန်မြန်မာနိုင်ငံကူးလက်မှတ် ၃၅.၀၀
(MRP) Passport စာအုပ်
(ခ) Passport စာအုပ်ပျောက်ဆုံးသဖြင့် ၁၄၀.၀၀
စာအုပ်အသစ်ြပန်လည် လျှောက်ထားခြင်း
(ဒဏ်ကြေး စင်ကာပူဒေါ်လာ(၁၀၅)+ စာအုပ်အသစ်
စင်ကာပူဒေါ်လာ(၃၅))